sakura

Wednesday, June 3, 2009

Saturday, July 19, 2008
မြန်မာ မဟုတ်သော နိုင်ငံခြားသား များသို့

အောက်ပါကောမန့်လေး တစ်ခုကို ကျွန်တော့်ရဲ့ အာဇာနည်နေ့ တို့မမေ့ ဆိုတဲ့ ပိုစ့်လေးမှာ ကိုစိုင်းဆိုသူက ရေးသွားခဲ့တာပါ။ စိတ်ဝင်စားစရာ ဖြစ်သလို ကျွန်တော်လည်း သင့်တော်သည်ဟု ယူဆပါသည်။ အားလုံး လေ့လာနိုင်စေရန် ပိုစ့်တစ်ခု အနေနှင့် ပြန်လည် တင်ဆက်လိုက်ပါသည်။




ကျွန်တော်တို့က နိုင်ငံတော် ခေါင်းဆောင်များကို ဂုဏ်ပြု နေသော်လည်း အောက်ပါ နိုင်ငံခြားသားများ ကတော့ ဘာတွေ စဉ်းစားနေမလဲ မသိဘူး။

ဖခင် ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံတော် လွတ်လပ်ရေး အတွက် ပေးဆပ်ခဲ့သော အသက်၊ နှမတော် ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတော် ကောင်းစားဖို့ပေးဆပ်နေသော ရာသက်ပန်လွတ်လပ်ခွင့် တို့ကို လည့်မကြည်ဘဲ အမေရိကန်နိုင်ငံသား ခံယူပြီး နအဖ စစ်အစိုးရ သန်းရွှေနဲ့ ပူးပေါင်းနေသော Mr. Aung San Oo (မြန်မာလိုခေါ်ရန်မထိုက်တန်ပါသဖြင့်)

ဖခင်ဆရာကြီး ဒေါက်တာဦးဖေမောင်တင် ကမြန်မာနိုင်ငံသားများအား "မြန်မာစာအရေးအသားတိုးတက်စေနည်း" သင်ကြား ပေးခဲ့သော်လည်း ပြင်သစ်စာပေ၊ ပြင်သစ်ဘာသာ ကိုမှတိုးတက်စေခြင်သော ဗြိတိသျှနိုင်ငံသူ လန်ဒန်မြို့နေ Brenda (ယခင်မြန်မာ အမည်ကတော့ ဒေါ်တင်တင်မြိုင် ပါ။)

မိမိ၏အဖိုး၊ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း၊ မြန်မာနိုင်ငံသားများ သာမက အာရှတိုက်သား အားလုံးက ဂုဏ်ယူသော ဆရာကြီး ဦးသန့် ကတစ်ချိန်က
"ဟေ့ ... မြန်မာဟာ မြန်မာပဲ။
မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။
မြန်မာပြည်မှာ သေရမယ်။
အကြောင်းအမျိုးမျိုးကြောင့်
ရေမြေခြားကိုရောက်နေရပေမယ့်
တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။
အခွင့်အရေး တစ်စုံတစ်ရာကြောင့်
နိုင်ငံခြားသား လုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။" ဟုပြောခဲ့သည်ကို နားမထောင်၊ မိမိ၏ မိထွေးနိုင်ငံ အမေရိကန်ပြည်ထောင်စု ကိုသာချစ်ပါတယ် ဆိုတဲ့ ဦးသန့်၏ မြေးတော်၊ ကုလသမဂ္ဂ ၏ အမေရိကန်အရာရှိ Thant Myint-U (မြန်မာအမည်ကို ချစ်လွန်းသည် တော့မဟုတ်၊ အဖိုး ”ဦးသန့်”ဟုသော အမည်ဖြင့် လုပ်စားရန် ဖြစ်ပါသည်။)

မြန်မာနိုင်ငံ တွင်ကာလကြာရှည်စွာ နေထိုင်ခဲ့ပြီး (မြန်မာနိုင်ငံသား များကို မဆိုလိုပါ၊) ယခုနိုင်ငံခြား သားခံယူပြီးသူများ သို့မဟုတ် ခံယူရန် စိတ်အား ထက်သန်နေသူများ (မိမိကိုယ်ကို မြန်မာနိုင်ငံသား ဟုမသတ်မှတ်ခဲ့ရင်တော့ ကိစ္စ မရှိပါ။) ၊ မိမိ ကိုယ်ကို မြန်မာ လူမျိုးဟု ဖော်ပြရမှာ ရှက်နေသူများ၊ မိမိတို့၏ မြန်မာအမည်များကို အခြားလူမျိုးများသတိမထားမိစေရန် Anglicize ၊ Sinicize လုပ်နေသူများကိုသာ ပြောလိုခြင်းဖြစ်သည်။

အာဇာနည်နေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ မြန်မာပြည်ကို ချစ်ကြသလို အထက် ဖော်ပြပါ နိုင်ငံခြားသား ပုဂ္ဂိုလ်ကြီးများလည်း သူတို့ နိုင်ငံသားခံယူထားသော နိုင်ငံများကို ချစ်နိုင်ကြပါစေ ဟု ဆုတောင်းလျှက်


စိုင်း
(မြန်မာနိုင်ငံသား)

No comments:

Post a Comment